ထားဝယ်မြို့လယ်ရှိ ဖုန်းဆိုင်တစ်ခုကို ဖောက်ထွင်းခိုးယူပြီး ဆိုင်ကိုပါမီးရှို့ခဲ့သူကို ဖမ်းဆီးရမိ
ထားဝယ်မြို့လယ်ရှိ ဖုန်းအရောင်းဆိုင်တစ်ခုကို ဖောက်ထွင်းပြီး ဖုန်းများကိုခိုးယူခဲ့တဲ့အပြင် ဆိုင်ကိုလည်း ဓာတ်ဆီလောင်း မီးရှို့ ခဲ့သူကို အခင်းဖြစ်ပွားပြီး ၃ ရက်ကျော်အကြာမှာ ဖမ်းဆီးရမိပြီဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဧပြီလကမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာတဲ့ မူးယစ်ဆေးအမှုဖြင့် ထောင်ကျဖူးသူဖြစ်တယ်လို့ သိရ ပါတယ်။