မြန်မာနိုင်ငံမြို့ကြီးအချို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာနိုင်သည်ဟုဆိုကာ အမေရိကန်သံရုံးက လုံခြုံရေး သတိပေးချက် ထုတ်ပြန်
ဒီကနေ့ စက်တင်ဘာ ၂၆ ၊ အောက်တိုဘာ ၁၆ ၊ အောက်တိုဘာ ၂၆ တို့အပါအဝင် လာမယ့်လတွေအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မြန်မာနိုင်ငံရှိ မြို့ကြီးအချို့မှာ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်လို့ လုံခြုံရေးသတိနဲ့ နေထိုင်ကြဖို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။