အများလက်ခံနိုင်မည့် စပါးဈေးဖြစ်ရန် အကြံပြုတင်ပြထားဟု ဒုဝန်ကြီး ပြော

အများလက်ခံနိုင်မည့် စပါးဈေးဖြစ်ရန် အကြံပြုတင်ပြထားဟု ဒုဝန်ကြီး ပြော
Published 25 September 2019

စပါးအခြေခံဈေးနှုန်းကို အများလက်ခံနိုင်မည့် ဈေးဖြစ်ရန် အကြံပြုတင်ပြထားဟု ဒုတိယဝန်ကြီးဦးအောင်ထူး ပြောကြား

စပါး အခြေခံဈေးနှုန်းသတ်မှတ်မှုကို အောက်တိုဘာ ၁၅ ရက်မတိုင်မီ ကြေညာပေးဖို့ ဦးဆောင်အဖွဲ့သို့ ပေးပို့ ဖို့အကြံပြုချက်မှာ ထည့်သွင်းထားပြီး ပြည်သူအများ လက်ခံနိုင်မည့်ဈေးနှုန်းကို အကြံပြုတင်ပြထားတယ်လို့  ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းဆိုင်ရာ အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။