မူးယစ်ဆေးဝါးရောင်းဝယ်နေသူများအားဖမ်းဆီးမရမှုများရှိနေ

မူးယစ်ဆေးဝါးရောင်းဝယ်နေသူများအားဖမ်းဆီးမရမှုများရှိနေ
Published 24 September 2019

မူးယစ်ဆေးဝါးရောင်းဝယ်နေသူများအား ပြည်သူအချို့ကတိုင်ကြားသော်လည်း ရဲတပ်ဖွဲ့ဝင်အချို့က ကြိုတင် သတင်းပေးနေ၍ ဖမ်းဆီးမရမှုများရှိနေကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ပြောကြား

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို ပြည်သူအချို့က တိုင်ကြားပေမယ့် ရဲတပ်ဖွဲ့ဝင်အချို့က ကြိုတင် သတင်းပေးနေတဲ့အတွက် ဖမ်းဆီးမရမှုတွေရှိနေတယ်လို့ ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ပြောကြားခဲ့ပါတယ်။