ရန်ကုန်မြို့တွင် ခိုစာကျွေးမှုများကို တားမြစ်မည်

ရန်ကုန်မြို့တွင် ခိုစာကျွေးမှုများကို တားမြစ်မည်
Published 24 September 2019

ခိုများမှတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်နိုင်မှုကြောင့် ရန်ကုန်မြို့တွင် ခိုစာကျွေးမှုများကို တားမြစ်မည်

ခိုများကတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်နိုင်တာကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ခိုစာကျွေးခြင်းများကို တားမြစ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန် ဆေးကုနှင့် အသားထုတ်လုပ်ရေး ဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။