မြေကွက်ပိုင်ရှင်များဆက်လက်လုပ်ငန်းမတိုးတက်ပါကမြေကွက်ပြန်လည်သိမ်းယူရန် အစီစဉ်ဆွဲထား

မြေကွက်ပိုင်ရှင်များဆက်လက်လုပ်ငန်းမတိုးတက်ပါကမြေကွက်ပြန်လည်သိမ်းယူရန် အစီစဉ်ဆွဲထား
Published 24 September 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်တွင် လုပ်ငန်းလုပ်ဆောင်ခြင်းမရှိသည့် မြေကွက်ပိုင်ရှင်များဆက်လက်လုပ်ငန်းမတိုးတက်ပါကမြေကွက်ပြန်လည်သိမ်းယူရန် အစီစဉ်ဆွဲထားဟုဆို

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ခုမှာလုပ်ငန်းလုပ်ဆောင်ခြင်းမရှိသေးတဲ့ မြေကွက်ပိုင်ရှင်များဆက်လက်လုပ်ငန်းမတိုးတက်လာပါက ပြန်လည်သိမ်းယူဖို့ အစီစဉ်ဆွဲထားတယ်လို့ စက်တင်ဘာ ၂၃ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မီဒီယာရှင်းလင်းပွဲမှာရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှုးဦးသန်းကပြောပါတယ်။