ကမ္ဘာ့ဖလားခြေစစ်ပွဲကို အမျိုးသမီးများကြည့်ရှုခွင့်ရမည်ဟု အီရန်အာဏာပိုင်များက အာမခံ

ကမ္ဘာ့ဖလားခြေစစ်ပွဲကို အမျိုးသမီးများကြည့်ရှုခွင့်ရမည်ဟု အီရန်အာဏာပိုင်များက အာမခံ
Published 24 September 2019

အီရန်နှင့် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အမျိုးသမီးများကြည့်ရှုခွင့်ရမည်ဟု အီရန်အာဏာပိုင်များက  အာမခံထားဟု ဖီဖာဆို

အောက်တိုဘာ ၁၀ ရက်မှာ မြို့တော်တဟီရန်မှာ အီရန်နှင့် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အမျိုးသမီးများကြည့်ရှုခွင့်ရမယ်လို့ အီရန်အာဏာပိုင်များက  အာမခံထားကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောပါတယ်။