ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ ပအိုဝ်းတိုင်းရင်းသားနှစ်သောင်းကျော်ခန့် တက်ရောက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်း (၁၅)နှစ်ပြည့်ပွဲကို စက်တင်ဘာ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်အရာရှိများ၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် ဦးအောင်ခမ်းထီအပါအဝင် ဒေသအသီးသီးမှ ပအိုဝ်းတိုင်းရင်းသား နှစ်သောင်းကျော်ခန့် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။