မန္တလေးမြို့တွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေးပွဲ ပြုလုပ်နေပြီး အစားအသောက်နှင့် အလှကုန်များကို ယူဆောင်လာကာ ဓာတ်ခွဲစစ်ဆေးနိုင်
အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတော်အဆင့် လူထုပညာပေးပွဲကို မန္တလေးမြို့ မြို့တော်ခန်းမမှာ စက်တင်ဘာ ၂၀ ရက်ကနေ စတင်ပြုလုပ်နေပြီး နှစစ်ရက်တိုင်ပြုလုပ်သွားမှာဖြစ်ကာ ပညာပေးပွဲရက်အတွင်း လာ ရောက်သူတွေအနေနဲ့ အစားအသောက်များနှင့် အလှကုန်အမျိုးအစားများကိုယူဆောင်လာကာ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်နိုင် တယ်လို့ သိရပါတယ်။