ရှမ်းမြောက်တိုက်ပွဲများကြားမီးရှို့ဖျက်ဆီးခံခဲ့ရသောယာဉ်များအတွက် တရားမနစ်နာမှုဥပဒေအရကူညီကုစားပေးရန် ပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနှင့်ဆက်စပ်ပြီးမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ လိုင်စင်ရှိယာဉ်များရဲ့ ယာဉ်ပိုင်ရှင်များအားတရားမနစ်နာမှုဥပဒေ (Tort of Law) အရကူညီကုစားပေးမယ့်အစီအစဉ်ရှိမရှိစက်တင်ဘာ ၁၈ ရက်က ပြုလုပ်တဲ့ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးကမေးခွန်းထုတ်ခဲ့ပါတယ်။