နိုင်ငံခြားလွှမ်းမိုးမှု မရှိစေရန်ဟု ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံဥပဒေကြမ်းတင်သွင်း

နိုင်ငံခြားလွှမ်းမိုးမှု မရှိစေရန်ဟု ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံဥပဒေကြမ်းတင်သွင်း
Published 17 September 2019

နိုင်ငံခြားဆက်စပ်မှု၊ နိုင်ငံခြား လွှမ်းမိုးမှု မရှိစေရန်ဟုဆိုကာ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်းသတ်မှတ်ချက်များကို ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံဥပဒေကြမ်း တပ်မတော်တင်သွင်း

ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး၊ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေကို ပြင်ဆင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဗိုလ်မှူးချုပ် မောင်မောင်အပါအဝင်  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပါတယ်။