ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်လကျော်အတွင်း တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိ ဆက်လက်မြင့်တက်
ကမ္ဘာ့ရေနံစျေးဒေါ်လာ ၆၀ ဝန်းကျင်အထိမြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေဟာ တစ်လကျော်အတွင်း တစ်လီတာကို ၄၅ ကျပ်ကနေ ကျပ် ၅၀ အထိ ဆက်လက်မြင့်တက်ခဲ့တယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေရဲ့ နေ့စဉ်ရောင်းချ နေတဲ့ စျေးနှုန်းတွေအရသိရပါတယ်။