ဝင်းနှင့်ဇော် ပြန်လည် လွတ်မြောက်ရေးအတွက် ထားဝယ်မြို့တွင် ဆုတောင်းပွဲပြုလုပ်

ဝင်းနှင့်ဇော် ပြန်လည် လွတ်မြောက်ရေးအတွက် ထားဝယ်မြို့တွင် ဆုတောင်းပွဲပြုလုပ်
Published 16 September 2019

 

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီး သေဒဏ်ပေးခြင်း ခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ဇော်တို့ ပြန်လည် လွတ်မြောက်စေရေးအတွက် ဆုတောင်းပွဲကို စက်တင်ဘာ ၁၅ ရက် ညနေ ၆ နာရီမှ ၇ နာရီအထိ ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းရှိ  ရွှေတောင်စားစေတီတော်ရင်ပြင်မှာ ဒေသခံများ ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။