၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလဆန်းအထိ ရာသီတုပ်ကွေး H1N1 ဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူရသူ ၄၄၀ ဦးအထိ ရှိခဲ့ပြီး သက်သာပျောက်ကင်းသူ ၃၂၂ ဦး ရှိခဲ့
နိုင်ငံတစ်ဝန်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ ရာသီတုပ်ကွေး H1N1 ကြောင့် ဆေးရုံတက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသူ အရေအတွက်ဟာ ၄၄၀ ဦး အထိ ရှိခဲ့ပြီး အဲဒီအထဲကမှ သက်သာပျောက်ကင်း သူ ၃၂၂ ဦးရှိခဲ့ကာ အတွင်းလူနာအဖြစ် ဆက်လက်ကုသစောင့်ရှောက်မှု ခံယူနေရသူ ၈ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အား ကစား ဝန်ကြီးဌာနကနေ သိရပါတယ်။