တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကိုပါ ထပ်မံတိုးချဲ့ထား
တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ ဓါတ်ပုံ၊ စာပေနှင့် ဖွင့်ပွဲပိတ်ပွဲ သီချင်း ပြိုင်ပွဲများအပြင် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကိုပါ ထပ်မံတိုးချဲ့ထားကြောင်း ပြန်ကြားရေး မှတ်တမ်း တင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီမှ အတွင်းရေးမှူး ပြည်နယ်ပြန်ဆက် ဦးစီးမှူး ဦးစိုးညွန့်ရွှေ က ပြောပါတယ် ။