လိပ်ကျွန်းအမှုကို ထိုင်းဘုရင်ထံ အသနားခံစာတင်မည့်ကိစ္စ အထိရောက်ဆုံးပုံစံဖြင့် ချဉ်းကပ်နေပြီး အထူးအလေးထား ဆောင်ရွက်နေဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်းဘုရင်ထံ အသနားခံစာတင်ဖို့နည်းလမ်းသာ ကျန်ရှိတော့ တဲ့အတွက် အစိုးရပိုင်းက ထိထိရောက်ရောက်ဖြစ်အောင်လုပ်ကိုင်နေပြီး အထူးအလေးထားဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။