အဝေးသင်ကျောင်းသားများ ကျောင်းပြောင်းရွှေ့နိုင်တော့မည်

အဝေးသင်ကျောင်းသားများ ကျောင်းပြောင်းရွှေ့နိုင်တော့မည်
Published 14 September 2019

ကျောင်းပြောင်းလိုသည့် အဝေးသင်ကျောင်းသားများအား အိမ်ထောင်စုစာရင်း တောင်းခံနေမှုကို ဖြေလျော့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ဖြင့် ပြောင်းရွေ့တက်ရောက်နိုင်ရန် ဆောက်ရွက်မည်

ကျောင်းပြောင်းရွေ့လိုတဲ့ အဝေးသင်ကျောင်းသားတွေကို အိမ်ထောင်စုစာရင်းတောင်းခံနေမှုကို ဖြေလျော့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ ပြောင်းရွေ့တက်ရောက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။