ထိုင်းနိုင်ငံဘက်မှာ ခရီးသည်နှစ်ဦးသွားကြိုပြီး ကုန်ပစ္စည်းထမ်းကာ လှေဂိတ်သို့လာသူ မြန်မာနိုင်ငံသားတစ်ဦးဟာ စက်တင်ဘာ ၁၃ ရက် မနက် ၆ နာရီအချိန်ခန့်က ထိုင်းလုံခြုံရေးအဖွဲ့ရဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိကာ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။