NCA လက်မှတ်ထိုးအဖွဲ့များအနေဖြင့် NCA ပြင်ပကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေခြင်းမျိုးလုံးဝမဟုတ်ဟု RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းပြော
NCA လက်မှတ်ထိုးအဖွဲ့များအနေနဲ့ အချို့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထင်မှတ်ထားသလို NCA ပြင်ပကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေပြီလားဆိုတာဟာ လုံးဝမဟုတ်ဘဲ NCA ပါအတိုင်းမယိုင်မလဲရပ်တည်နေတယ်လို့ NCA လက်မှတ်ထိုးအဖွဲ့များရဲ့ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းကပြောပါတယ်။