မီတာခတိုးမြှင့်ကောက်ခံပြီးနောက် ရန်ကုန်တိုင်းတွင် မီးသုံးစွဲမှုယူနစ် ၂၁ သန်းကျော် လျော့နည်း

မီတာခတိုးမြှင့်ကောက်ခံပြီးနောက် ရန်ကုန်တိုင်းတွင် မီးသုံးစွဲမှုယူနစ် ၂၁ သန်းကျော် လျော့နည်း
Published 10 September 2019

မီတာခတိုးမြှင့်ကောက်ခံပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် မီးသုံးစွဲမှုယူနစ် ၂၁ သန်းကျော် လျော့နည်းခဲ့ကာ မီတာခကျပ် သန်းပေါင်း ၃၆၀၀၀ ကျော် ပိုမိုတောင်းခံနိုင်ခဲ့ကြောင်း သိရ (ရုပ်သံ)

မီတာခတိုးမြှင့်ကောက်ခံပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမှာ မီးသုံးစွဲယူနစ် ၂၁ သန်းကျော် လျော့နည်းခဲ့ကာ မီတာခ တောင်းခံငွေကျပ်သန်းပေါင်း ၃၆၀၀၀ ကျော် ပိုမိုတောင်းခံနိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က အလုံမြို့နယ်မှာရှိတဲ့ ရန် ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။