ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပွားတဲ့ အနာများ၊ ရောဂါပေါ် မူတည်ကာ ဖြစ်ပွားတဲ့ အနာများ၊ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ အနာများ စတဲ့အနာတွေကို ထိရောက်စွာ ကုသနိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ အထူးကုပညာရှင်တွေ စုပေါင်းပြီးတော့ မြန်မာနိုင်ငံ အနာရောဂါကုသရေး ဆေးပညာအဖွဲ့ (Myanmar Wound Care Society) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။