အမြန်လမ်းမကြီးမိုင်တိုင် ၁၆ အနီးတွင် ရာဇာအောင်ယာဉ်လိုင်းမှ Express ယာဉ်တစ်စီး တိမ်းမှောက်ရာမှ ခရီးသည် ၃ ဦးသေဆုံးပြီး ၂၉ ဦးခန့်ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၆ မိုင်အနီးမှာ စက်တင်ဘာ ၉ ရက် မနက် ၃နာရီခန့်က ဟင်္သာတ-ရန်ကုန် ပြေးဆွဲနေတဲ့ YAR ZAR AUNG ခရီးသည်တင်မှန်လုံယာဉ်မှာ နေပြည်တော်-ရန်ကုန်လမ်း ဘက်ခြမ်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူတွေထဲက ခရီးသည် ၃ ဦးသေဆုံးကာ ၂၉ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နေပြည်တော် အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။