မြန်မာယူနီကုဒ်စနစ်ကူးပြောင်းခြင်းတွင် ကူညီပေးရန် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများကို ပို့/ဆက် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံတောင်းဆို
မြန်မာယူနီကုဒ်စနစ်ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများ အနေနဲ့ ကူညီပေးဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ MICT မှာ တွေ့ဆုံအကူအညီတောင်းခဲ့ပါတယ်။