တောင်ကြီးမီးပုံးပျံပွဲတော်ရက်ကို ပုံမှန်အတိုင်းသာ ကျင်းပနိုင်ရန် မီးပုံးပျံပညာရှင်များ၊ CSO များနှင့် ပြည်သူများ၏သဘောထား ဆန္ဒကောက်ယူပြီး ဝန်ကြီးချုပ်ထံ တင်ပြ
တောင်ကြီးမီးပုံးပျံပွဲတော်ရက်ကို တစ်ရက်လျှော့လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ပုံမှန်အတိုင်း ဆယ်ရက်သာကျင်းပနိုင်ဖို့ အတွက် မီးပုံးပျံပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေရဲ့ သဘောထားဆန္ဒလက်မှတ်တွေကောက်ယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ စက်တင်ဘာ ၆ ရက်က တင်ပြခဲ့တယ်လို့ သိရပါတယ်။