ကျောက်စိမ်းအပေါ် အခွန်လျှော့ချပေးသင့်ပြီး အခွန်ကောက်မှုများနေ၍ တရုတ်နိုင်ငံတွင် ကျောက်စိမ်းစျေးကွက် ဖြစ်ပေါ်နေ ခြင်းဖြစ်ဟု လွှတ်တော်ကိုယ်စားလှယ် ဆို

ကျောက်စိမ်းအပေါ် အခွန်လျှော့ချပေးသင့်ပြီး အခွန်ကောက်မှုများနေ၍ တရုတ်နိုင်ငံတွင် ကျောက်စိမ်းစျေးကွက် ဖြစ်ပေါ်နေ ခြင်းဖြစ်ဟု လွှတ်တော်ကိုယ်စားလှယ် ဆို
Published 7 September 2019

၂၀၁၉ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းမှာ ကျောက်စိမ်းအရိုင်းထည်တွေအပေါ် ၁၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဖော်ပြထားချက်ဟာ များပြားလွန်းနေတာကြောင့် ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ပြီး ကျောက်စိမ်းအပေါ် အခွန်အကောက်များနေတဲ့အတွက် တရုတ်နိုင်ငံမှာ ကျောက်စိမ်းစျေးကွက်ဖြစ်ပေါ်နေတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ထောက်ပြဆွေးနွေးခဲ့ပါတယ်။