AA အဖွဲ့ နှင့် ဆက်စပ်၍ ဖမ်းဆီးထားသူ (၈)ဦးအား ရုံးထုတ်

AA အဖွဲ့ နှင့် ဆက်စပ်၍ ဖမ်းဆီးထားသူ (၈)ဦးအား ရုံးထုတ်
Published 7 September 2019

AA အဖွဲ့ နှင့် ဆက်စပ်၍ ဖမ်းဆီးထားသူ (၈)ဦးအား ရုံးထုတ်ခဲ့ပြီး ကိုအောင်မျိုးဝင်း နှင့် နောက်ထပ် အမျိုးသားသုံးဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲဆို

AA အဖွဲ့နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူ (၈)ဦးကို စက်တင်ဘာ(၆)ရက်နေ့က  ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ ပြီး ကိုအောင်မျိုးဝင်းနဲ့ နောက်ထပ်အမျိုးသားသုံးဦးကို  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့ ထပ်မံတရားစွဲဆိုခဲ့ 
တယ်လို့ စွပ်စွဲခံရသူတွေရဲ့ရှေ့နေထံကနေ သိရပါတယ်။