ကျပ် ၁၃ သိန်းကျော်အထိစံချိန်တင်မြင့်တက်ခဲ့သော ပြည်တွင်းရွှေဈေး တစ်ရက်တည်းကျပ် ငါးသောင်း ကျော်ပြန်ကျခဲ့ပြီး တစ်ကျပ်သား ကျပ် ၁,၂၆၈,၀၀၀ ဖြင့် ဈေးပိတ်ခဲ့
စက်တင်ဘာ ၅ ရက်က တစ်ကျပ်သား ကျပ် ၁,၃၁၅,၀၀၀ နဲ့ စံချိန်တင်ဈေးမြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးမှာ ဒီကနေ့ စက်တင်ဘာ ၆ ရက်ဈေးစဖွင့်ချိန်မှာတော့ ကျပ် ၁၃ သိန်းအောက်ပြန်ကျလာပြီးနောက် တရက်အတွင်း ကျပ် ငါးသောင်းကျော်ဈေးကျခဲ့ပြီး ညနေပိုင်းမှာ တစ်ကျပ်သား ကျပ် ၁,၂၆၈,၀၀၀ နဲ့ ဈေးပိတ်ခဲ့တယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက သိရပါတယ်။