ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိလာပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြုပ်နေပြီး မြို့နယ်အချို့မှ စာသင်ကျောင်းများလည်း ပိတ်ထားရ
ပဲခူးမြစ်ရေဟာ စက်တင်ဘာလ ၆ ရက် ညနေ ၇ နာရီခွဲအချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များမှာ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်နေကာ သတိထားနေထိုင်သင့်တယ်လို့ ပဲခူးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးပြောကြားပါတယ်။