ရန်ကုန်လေဆိပ်ပြေးလမ်းယနေ့နံနက် တွင် ပြန်လည်ဖွင့်လှစ်

ရန်ကုန်လေဆိပ်ပြေးလမ်းယနေ့နံနက် တွင် ပြန်လည်ဖွင့်လှစ်
Published 6 September 2019

တပ်မတော်ပိုင်  Y8လေယာဉ် လမ်းချော်မှုကြောင့်  ၁၉ နာရီကြာခေတ္တပိတ်ထားရသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုယနေ့ နံနက် တွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ 

တပ်မတော်ပိုင် Y8 လေယာဉ် ပြေးလမ်းချော်မှုကြောင့်   ကြာသပတေးနေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်မှ စတင်ကာခေတ္တ ပိတ်ထားခဲ့ရတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုယနေ့ နံနက် ၆ နာရီမှ စတင်ကာပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ် လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထုတ်ပြန်ချက်အရသိရပါတယ် ။