ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးအမှုတွင် ၆၆(ဃ)အမှုမှတရားလိုကို စတင်စစ်ဆေးနေပြီး ၅၀၅(က)အမှုကို လာမည့် ရုံးချိန်းတွင် စွဲချက်တင်သင့်မတင်သင့် အမိန့်ချမည်
တပ်မတော်က တရားလိုပြုလုပ်ကာ ပုဒ်မ၅၀၅(က)၊၆၆(ဃ) တို့နဲ့တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၅)ဦးကို စက်တင်ဘာ ၄ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခံထားရတဲ့ အမှုက တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးခဲ့ပြီး စွဲချက်တင်လျှောက်လဲချက်ပေးခဲ့ကာ လာမယ့် ရုံးချိန်းဖြစ်တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ စွဲချက်တင်သင့် မတင်သင့်ကို အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။