မန္တလေးတက္ကသိုလ်တွင် တင်ဒါခေါ်ယူခြင်းမရှိဘဲ food court တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်မှောက်
မန္တလေးတက္ကသိုလ်မှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ food court တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ပါမောက္ခချုပ် အလိုမရှိဟုဆိုတဲ့အချက် အပါအဝင် အချက် ငါးချက်ကို မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ သပိတ်မှောက် တောင်းဆိုမှု စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ခဲ့ပါတယ်။