စစ်တွေမြို့ပေါ်ရှိ နေအိမ် တစ်အိမ်တွင် အိမ်ရှင် အမျိုးသမီးကို ရိုက်နှက်ကာ လက်ဝတ်တန်ဆာများကို လုယက်မှု ဖြစ်ပွား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နေအိမ် တစ်အိမ်မှာ စက်တင်ဘာလ ၁ ရက် နံနက် ၅ နာရီခန့်က လူတစ်ဦးက အိမ်ရှင်အမျိုးသမီးကို ရိုက်နှက်ကာ လက်ဝတ်တန်ဆာများကို လုယက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။