မြောက်ပိုင်းမဟာမိတ်အဖွဲ့ကမူဆယ်နှင့်ကွတ်ခိုင်ကြား ဖြတ်သန်းနေသည့်ယာဉ်များအားကန့်လန့်ဖြတ် ရပ်တန့် ခိုင်းပြီးလမ်းပိတ်ထားမှုကြောင့် ယာဉ်အများအပြားစောင့်ဆိုင်းနေရ
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ကရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား၊ နမ့်ဖတ်ကာနဲ့ မူဆယ်ကြားနှစ်နေရာမှာ ဖြတ်သန်းနေတဲ့ ယာဉ်တွေကိုစက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းကစတင်ကာယာဉ်တွေကိုကန့်လန့်ဖြတ်ရပ်ခိုင်းပြီးလမ်းပိတ်ထားတာကြောင့် သွားလာဖြတ်သန်းရမယ့်ယာဉ်တွေ စောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။