မြန်မာနိုင်ငံအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းမှုနှစ်လကျော်လာပြီဖြစ်သော်လည်း တရုတ်ခရီးသွားစောင့်ကြည့်ရေး မလုပ်နိုင်သေးဟု ဆို

မြန်မာနိုင်ငံအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းမှုနှစ်လကျော်လာပြီဖြစ်သော်လည်း တရုတ်ခရီးသွားစောင့်ကြည့်ရေး မလုပ်နိုင်သေးဟု ဆို
Published 31 August 2019

မြန်မာနိုင်ငံအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး နှစ်လကျော်ကြာတဲ့ အထိ တရုတ်ခရီးသွားစောင့်ကြည့်ရေးကို လုပ်ဆောင်ဖို့ဆွေးနွေးညှိနှိုင်းဆဲသာရှိနေပြီး လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ ရန်ကုန် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုးက ပြောပါတယ်။