CNLD အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်းနေရာအားလုံးအပါအဝင် မဲဆန္ဒနယ် ၆၀ ခန့်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌတစ်ဦးဖြစ်သူပြော

CNLD အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်းနေရာအားလုံးအပါအဝင် မဲဆန္ဒနယ် ၆၀ ခန့်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌတစ်ဦးဖြစ်သူပြော
Published 31 August 2019

 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( CNLD ) အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင်း မဲဆန္ဒနယ်အားလုံးအပါအဝင် မဲဆန္ဒနယ် ၆၀ ဝန်းကျင်ခန့်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းပါတီများ ဘာလုပ်နိုင်မလဲဆိုတာကို လေ့လာသုံးသပ်ပြီး အားပေးစေလိုတယ်လို့ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးနိုထန်ကပ်က ပြောပါတယ်။