စပါးအခြေခံစျေးနှုန်း သတ်မှတ်မှုမှာ ထိလွယ်ရှလွယ်ကိစ္စဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ရွေးကောက်ပွဲရှိသောကြောင့် ပိုမိုဂရုပြု ဆောင်ရွက်ပေးရန် လိုမည်ဟု စီးပွား/ကူးသန်း ဒုဝန်ကြီးဆို
စပါး အခြေခံစျေးနှုန်းသတ်မှတ်မှုဟာ ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်ကြောင်းနဲ့ ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲ ရှိတာကြောင့် စပါးအခြေခံစျေးနှုန်းသတ်မှတ်မှုကို ပိုမိုဂရုပြုဆောင်ရွက်ပေးဖို့လိုမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။