၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တို့၏ စီးပွားရေးတိုးတက်မှုနှုန်းအား လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက များစွာကွာဟမှုမရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌပြော

၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တို့၏ စီးပွားရေးတိုးတက်မှုနှုန်းအား လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက များစွာကွာဟမှုမရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌပြော
Published 31 August 2019

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဒေသတွင်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ပါက ကွာဟမှုမရှိဘူးလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။