လားရှိုးနှင့် သိန္နီမြို့ကြား ယာဉ်လေးစီး မီးရှို့ခံရမှု ထပ်မံဖြစ်ပွား

လားရှိုးနှင့် သိန္နီမြို့ကြား ယာဉ်လေးစီး မီးရှို့ခံရမှု ထပ်မံဖြစ်ပွား
Published 30 August 2019

လားရှိုးနှင့် သိန္နီမြို့ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအပါအဝင် ယာဉ်လေးစီး မီးရှို့ခံရမှု ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နဲ့ သိန္နီမြို့ကြား၊ မိုင်းလီကျေးရွာနဲ့ ပန်ဖတ်ကျေးရွာအနီး၊ မိုင်တိုင် အမှတ် ၁၉၂ မိုင် ၅ ဖာလုံနဲ့ ၁၉၂ မိုင် ၆ ဖာလုံကြားရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ် (၄) စီးကို သြဂုတ်လ ၃၀ ရက်နေ့ မနက် (၆)နာရီ အချိန်ခန့်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။