လိပ်ကျွန်းလူသတ်မှုအား သေဒဏ်အစား နှစ်ရှည်ပြစ်ဒဏ်လျှော့ပေါ့ပေးရန် ထိုင်းဘုရင် မင်းမြတ်ဆီ အသနားခံ စာတင်သည့် နည်းလမ်း ဖြင့် ကြိုးစားသွားမည်
လိပ်ကျွန်းလူသတ်မှုအတွက် ထိုင်းနိုင်ငံဗဟိုတရားရုံးမှာနောက်ဆုံးအယူခံ ဒီကနေ့ သြဂုတ် ၂၉ ရက်နေ့မှာ ရှုံးနိမ့်ခဲ့ပေမယ့် ထိုင်းဘုရင်မင်းမြတ်ဆီ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အသနားခံစာတင်တဲ့ နောက်ဆုံးနည်းလမ်း လုပ်နိုင်သေးတယ်လို့ ထိုုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေတဲ့ ဦးထူးချစ်ကပြောပါတယ်။