လားရှိုး -သိန္နီ- ကွမ်းလုံလမ်းပိုင်းရှိ ၃၁ မိုင်တံတား ထပ်မံ မိုင်းခွဲခံရပြီး လောက်ကိုင်၊ချင်းရွှေဟော်မှ လားရှိုးမြို့ဘက်သို့ထွက်ခွာမည့် ယာဉ်များ ရပ်နားခဲ့ရ

လားရှိုး -သိန္နီ- ကွမ်းလုံလမ်းပိုင်းရှိ ၃၁ မိုင်တံတား ထပ်မံ မိုင်းခွဲခံရပြီး လောက်ကိုင်၊ချင်းရွှေဟော်မှ လားရှိုးမြို့ဘက်သို့ထွက်ခွာမည့် ယာဉ်များ ရပ်နားခဲ့ရ
Published 28 August 2019

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - သိန္နီ- ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်လမ်းပိုင်း ၊ သိန္နီမြို့ နှင့် ကွမ်းလုံမြို့ကြား နားတီးကျေးရွာအနီးရှိ မိုင်တိုင်အမှတ် (၃၀)မိုင် (၇)ဖာလုံတံတားအား လက်နက်ကိုင် အဖွဲ့များ က သြဂုတ်လ ၂၇ ရက်နေ့ ည (၁၁)နာရီ (၃၀)မိနစ်အချိန်ခန့်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။