မူဆယ်နှင့် ကွတ်ခိုင်ကြားတွင် ကုန်တင်ယာဉ်ဘီးနှင့် အိမ်စီးယာဉ်ပစ်ခတ်ခံရသဖြင့် မူဆယ်သို့ ထွက်ခွာမည့်ယာဉ်များ ကွတ်ခိုင် တိုးဂိတ်တွင် စောင့်ဆိုင်းခဲ့ရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - မူဆယ်လမ်းပိုင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ သြဂုတ်လ ၂၇ ရက်နေ့က အိမ်စီးယာဉ်ငယ်တစ်စီးပစ်ခတ်ခံခဲ့ရတဲ့အတွက် ကွတ်ခိုင်ကနေ မူဆယ်ဘက်ကို ထွက်ခွာမယ့်ယာဉ်ဖြတ်သန်းခွင့်ကို ကွတ်ခိုင် တိုးဂိတ်တွင် ယာယီပိတ်ခဲ့ရတယ်လို့ သိရပါတယ်။