နမ့်ဖတ်ကာ နှင့် မူဆယ်ကြားတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသဖြင့် မူဆယ်မြို့မှ ခရီးသည်တင်ယာဉ်များ ကြိုတင်လက်မှတ် မှာယူခြင်းကို ခေတ္တဆိုင်းငံ့

နမ့်ဖတ်ကာ နှင့် မူဆယ်ကြားတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသဖြင့် မူဆယ်မြို့မှ ခရီးသည်တင်ယာဉ်များ ကြိုတင်လက်မှတ် မှာယူခြင်းကို ခေတ္တဆိုင်းငံ့
Published 26 August 2019

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်မြို့ မှ မန္တလေး ၊ ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်လက်မှတ် မှာယူခြင်းကို သြဂုတ်လ ၂၅ ရက်က လက်ခံရောင်းချနေခဲ့ပြီး ညနေပိုင်းမှာတော့ နမ့်ဖတ်ကာ နှင့် မူဆယ်ကြားမှာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာတာကြောင့် ကြိုတင်လက်မှတ် မှာယူမှုများအား ပြန်လည် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။