လက်ရှိ ကားမူဝါဒ အရ ကားစျေးနှုန်းပြန်ကျဖို့ မလွယ်နိုင်ဘူး

လက်ရှိ ကားမူဝါဒ အရ ကားစျေးနှုန်းပြန်ကျဖို့ မလွယ်နိုင်ဘူး
Published 26 August 2019

"လက်ရှိ ကားမူဝါဒ အရ ကားစျေးနှုန်းပြန်ကျဖို့ မလွယ်နိုင်ဘူး၊SKD စနစ် နဲ့ ထုတ်လုပ်တဲ့ကားတွေ နိုင်ငံတော် က ကြပ်ကြပ်မတ်မတ်နှင့် အကောင်အထည်ဖော်ပေးနိုင်ဖို့ လိုအပ်တယ်"

ကိုရန်မျိုးအောင်(အထွေထွေအတွင်းရေးမှူး) မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း(ရန်ကုန်တိုင်း)

ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ မူဝါဒ နှင့် Model Year မြှင့်လိုက်ခြင်း ၊ ရန်ကုန်လိုင်စင် ပိတ်ထားခြင်းတွေကြောင့် ကားစျေးကွက်အတွင်းမှာ ကားစျေးက ယခင် အစိုးရလက်ထက် ထက်စာရင် နှစ်ဆကျော်လောက် မြင့်တက်နေတဲ့အခြေအနေပါ။ ယခုလပိုင်းအတွင်း စက်မှုဝန်ကြီးအပြောင်းအလဲ ပြုလုပ်ခဲ့တဲ့အခြေအနေ နှင့် အခွန်လွတ်ငြိမ်းခွင့် ရရှိရေး ဆွေးနွေးမယ့်အခြေအနေတွေ ကြောင့် ကားစျေးကွက်အတွင်း ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်လဲ ဆိုတာ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း(ရန်ကုန်တိုင်း) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုရန်မျိုးအောင်နှင့် Exclusive Interview မေးမြန်းထားမှုကို တင်ဆက်ပေးလိုက်ပါတယ်။