မီတာတင်ဒါကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့စကားတွေကို လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်အနေနဲ့တာဝန်ယူရမှာဖြစ်ပြီး တင်ဒါစိစစ်ရွေးချယ်မှုအပေါ် သြဇာသုံးခဲ့တာ မရှိဘူးလို့ Ever Meter စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က သြဂုတ် ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ တုံ့ပြန်ခဲ့ပါတယ်။