ကောလင်းတွင် ညောင်ပင်ကျိုးကျမှုကြောင့် တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိ

ကောလင်းတွင် ညောင်ပင်ကျိုးကျမှုကြောင့် တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိ
Published 26 August 2019

ကောလင်းမြို့နယ် ခံသာစံပြကျေးရွာတွင် နှစ်ရှည် ညောင်ပင် တစ်ပင် ကျိုးကျမှုကြောင့် တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ်ခံသာစံပြကျေးရွာမှာ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၅ နာရီ ကျော်ဝန်းကျင်မှာ နှစ်ရှည်ညောင်ပင်တစ်ပင်ကျိုးကျခဲ့မှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ကောလင်း မြို့နယ် NLD လူငယ်သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုနေမျိုးဝင်းကပြောပါတယ်။