ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းအတွက် သိမ်းဆည်းယာမြေများကို မန္တလေးမြို့တော်စည်ပင်က ခြံစည်းရိုးကာရံခဲ့ရာ တောင်သူများနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးတောင်သူတစ်ဦးဒဏ်ရာရခဲ့
ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ယာမြေတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကဒီကနေ့သြဂုတ် ၂၅ ရက်မှာ ခြံစည်းရိုးကာရံခဲ့ရာဒေသခံတောင်သူတွေနဲ့ လုံခြုံရေးရယူထားတဲ့ရဲတပ်ဖွဲ့တို့အကြားပဋိပက္ခများဖြစ်ပွားခဲ့ပြီးဒေသခံတောင်သူအမျိုးသမီးတစ်ဦးမှာထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။