မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးတွင် မူးယစ်ဆေး၊ လက်နက်မှောင်ခို ကိစ္စများကို ပူးပေါင်းဖော်ထုတ်ရေး ထည့်သွင်းဆွေးနွေး

မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးတွင် မူးယစ်ဆေး၊ လက်နက်မှောင်ခို ကိစ္စများကို ပူးပေါင်းဖော်ထုတ်ရေး ထည့်သွင်းဆွေးနွေး
Published 24 August 2019

(၄၅) ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးရောင်းဝယ်မှု၊ လက်နက်မှောင်ခိုမှုနဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းပြဿနာတွေ ပူးပေါင်း ဖော်ထုတ်ရေးတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။