သြဂုတ် ၂၂ ရက်အထိစာရင်းများအရ ယခုလအတွင်း မွန်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း (၁၂၀၀၀) ကျော်ရှိ
အခုလအတွင်း မွန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှု၊ မြေပြိုမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးဟာ သြဂုတ်လ (၂၂) ရက်အထိ စာရင်းတွေအရ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၂၀၀၀) ကျော်ရှိခဲ့ပြီး ထပ်တိုးလာဖို့ ရှိသေးတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံကနေ သိရပါတယ်။