တရုတ်နိုင်ငံသံအမတ်ကြီးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လာရောက်တွေ့ဆုံပြီး ရှမ်းမြောက်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအားတရုတ်နိုင်ငံမှကန့်ကွက်ရှုတ်ချကြောင်းနှင့်တရုတ်နိုင်ငံ၏ရပ်တည်ချက်များအား ဆွေးနွေးခဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အား သြဂုတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရှိဘုရင့်နောင်ဧည့်ရိပ်သာမှာလက်ခံတွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက်အရသိရပါတယ်။