ရေတာရှည်မြို့တွင် စားကျက်မြေဧက ၂၇၀ ပြန်လည်ရရှိရေး စိုင်တမော့ကြီးကျေးရွာဒေသခံများက တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်စိုင်တမော့ကြီးကျေးရွာမှ မြေဧက ၂၇၀ အား စားကျက်မြေအဖြစ်ပြန်လည်ရရှိရေးအတွက် သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ဒေသခံများက ရေတာရှည်မြို့ပေါ်ရှိ လမ်းတစ်လျောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။